" data-src="" data-small="" data-medium="" data-large="" data-retina=""/>
" data-src="" data-small="" data-medium="" data-large="" data-retina=""/>
" data-src="" data-small="" data-medium="" data-large="" data-retina=""/>
"/> "/> "/>

Full Itinerary

Day – 1 

Yangon International Airportတွင် ဧည့်လမ်းညွှန်မှ စောင့်ကြိုနေမှာဖြစ်ပါသည်။လေယာဉ်ကွင်းမှဟိုတယ်သို့ပို့ဆောင်ပေးပြီးခနတာအနားယူကာရန်ကုန်မြို့တွင်းစတင်လည်ပတ်မှာဖြစ်ပါတယ်။ရန်ကုန်မြို့၏အချက်အချာတွင်တည်ရှိသော ဆူးလေဘုရားကိုစတင်လည်ပတ်မည်ဖြစ်ပြီး ထို့နောက် ရန်ကုန်မြို့၏ (Green Spot)ဟုနာမည်ကြီးသောကန်တော်ကြီးကိုလမ်းလျှောက်ရင်းလည်ပတ်ပြီးဓါတ်ပုံတွေရိုက်ကြမယ်။ထို့နောက်ခြောက်ထပ်ကြီးဘုရားကိုလည်ပတ်မည်။ ညနေပိုင်းတွင် မြန်မာပြည်ရဲ့ Land Mark ဖြစ်သောခမ်းနားထည်ဝါသည့်ရွှေတိဂုံစေတီတော်သို့လည်ပတ်မည်ဖြစ်သည်။ရန်ကုန်ရှိ Hotel Yangonတွင်  တစ်ညတာအိပ်စက်အနားယူမည်ဖြစ်သည်။

နေ့လည်စာ – Moonsoonတွင်သုံးဆောင်ပြီး

ညစာ        – Feel မြန်မာစားသောက်ဆိုင်တွင်သုံးဆောင်မည်ဖြစ်သည်။

Day – 2

ရန်ကုန်မှ Breakfast သုံးဆောင်ပြီး ပုဂံသို့လေယာဉ်ဖြင့်ထွက်ခွါမည်ဖြစ်သည်။ပုဂံတွင် အရောင်အသွေးစုံလင်လှတဲ့ညောင်ဦးဈေးကိုစတင်လည်ပတ်မည်ဖြစ်ပြီး ဒေသခံတွေရဲ့နေ့စဉ် ဘ၀တွေနဲ့ဓလေ့စရိုက်တွေကိုလေ့လာလည်ပတ်ကြမည်။ထို့နောက်ပုဂံရဲ့ကြွယ်ဝလှတဲ့သမိုင်းကြောင်းတွေကိုပြောပြနေတဲ့ ရွှေစည်းခုံစေတီ ၊ တန်ကြေးလှတဲ့ ဖြတ်လို့မရတဲ့ နံရံဆေးရေးပန်းချီတွေ ရှိတဲ့ ဂူပြောက်ကြီးဘုရား ၊ အနုစိတ်လက်ရာသေသပ်လှတဲ့ အာနန္နာ ၊ နံရံဆေးရေးပန်းချီဖြင့်ကျော်ကြားလှတဲ့ ထီးလိုမင်းလိုပုထိုးတို့ကိုလည်းဖတ်မည်။ထို့နောက် ပုဂံတွင် နေ့လည်စာကိုရွှေမြန်မာထမင်းဆိုင်တွင်သုံးဆောင်မှာဖြစ်ပါသည်။နေ့လည်စာသုံးဆောင်ပြီး မြန်မာ့ရိုးရာ လက်မှုပညာဖြစ်တဲ့ ယွန်းထည်ပစ္စည်းအကြောင်းကိုလေ့လာဖို့ ယွန်းထည်အလုပ်ရုံကိုသွားရောက်လေ့လာမှာဖြစ်ပါသည်။ပြီးလျှင် ပုဂံရှိအခြားစေတီပုထိုးများနှင့်ပုံစံမတူဘဲကွဲပြားခြားနားနေတဲ့ မဟာဗောဓိစေတီ ၊ ထုထည်အရာမှာကြီးမားလွန်းလှတဲ့ထုမှာဓမ္မရံဆိုသည့် ဓမ္မရံကြီးဘုရား ၊ တည်ဆောက်ပုံလှပတဲ့ စူဠါမဏိစေတီ ၊ AD(849)တွင်တည်ဆောက်ထားသောရွှေဆံတော်ဘူရားသို့သွားကာကမ္ဘာကျော်ညနေဆည်းဆာကိုကြည့်ရှုကြမည်ဖြစ်သည်။ထို့နောက်Hotel Emerald တွင် ခဏတာ အနားယူပြီးညနေပိုင်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုဖြစ်သောပြည်ပသားတွေပါစိတ်ဝင်စားသည့်ရုပ်သေးပွဲကို Nanda Restruant တွင်ကြည့်ရင်းညစာသုံးဆောင်ကြမည်။ပုဂံတွင်တစ်ညတာတည်းခိုမည်ဖြစ်သည်။

Day – 3

Hotel တွင် မနက်စာသုံးဆောင်ပြီး နတ်တို့စံပျော်ရာပုပ္ပါးတောင်သို့ခရီးဆက်ကြမည်။သမိုင်းတွင် နတ်ယုံကြည်မှုအကြောင်းတွေကိုလေ့လာရင်းမြေပြင်အထက်(1000M)မြင့်ပြီးပုပ္ပါးတောင်ကလပ်ကိုတက်ရတာကလည်းဆွဲဆောင်မှုရှိလှတဲ့ခရီးစဉ်လေးဖြစ်ပါတယ်။မျောက်စာကျွေးရင်းတောင်တက်ပြီး တောင်ထိပ်တွင်ရှုမငြီးလှတဲ့ရှုခင်း( Pproronic View Resort)  တွင်နေ့လည်စာပုပ္ပါးရှိ Hotel Linn Restruant သုံးဆောင်ပြီးပုဂံကိုပြန်မည်။အပြန်လမ်းတွင် ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်တဲ့ အညာဒေသထန်းရည် ၊ ပဲလှော် ၊ ပဲဆီ တို့ကိုမြည်းစမ်းရင်းထန်းလျက်ပြုလုပ်ပုံကိုလေ့လာမည်ဖြစ်သည်။ထို့နောက် ပုဂံရှိ မနူဟာဘုရား ၊နန်းဘုရား ၊ ဗူးဘုရားတို့ကိုအချိန်ပေါ်မူတည်ပြီးလည်ပတ်မှုပြုလုပ်မည်ဖြစ်သည်။ထို့နောက်ပုဂံမှပခုက္ကူသို့ဧရာဝတီမြစ်အတိုင်းလှေစီးရင်းဆည်းဆာအလှနှင့်ကျေးလက်ဒေသမြစ်သားတစ်လျှောက်လေ့လာကြမည်ဖြစ်သည်။ထို့နောက် ပခုက္ကူရှိ Hotel Junoတွင် ညစာသုံးဆောင်ပြီး

တစ်ညတာအိပ်စက်အနားယူမည်ဖြစ်သည်။

Day – 4

Hotel တွင် မနက်စာသုံးဆောင်ပြီး ပခုပက္ကူတွင်ရှိသော နာမည်ကျော် ပခမ်းရွှေကျောင်းကိုလေ့လာကြမည်။ထို့နောက် မြန်မာ့ယဉ်ကျေးမှုဓလေ့ရိုးရာသနပ်ခါးအကြောင်းကိုလေ့လာကြမယ်။နေ့လည်စာကို ပခုက္ကူရှိ River Garden Kitchen တွင်နေ့လည်စာသုံးဆောင်ကြမည်ဖြစ်သည်။နေ့လည်စာသုံးဆောင်ပြီးတွင် အညာဒေသခုက္ကူမြို့မှာရှိသည့် မြန်မာ့လက်မှုအတက်ပညာဖြစ်တဲ့ ဆေးလိပ်ခုံ ၊ ဖိနပ်အလုပ်ရုံ ၊ ယက်ကန်းစင်တို့ကို လေ့လာကြမည်။ထို့နောက် မန္တလေးသို့ခရီးဆက်ကြမည်ဖြစ်သည်။မန္တလေးရှိ Marie Min Restruant တွင် ညစာသုံးဆောင်ပြီး Hotel Mandalay တွင်တစ်ညတာအိပ်စက်အနားယူမည်ဖြစ်သည်။

Day – 5

Hotelတွင်မနက်စာသုံးဆောင်ပြီးမန္တလေးမှမင်းကွန်းသို့Private Boat ဖြင့်လည်ပတ်မည်ဖြစ်သည်။မင်းကွန်းမှာရှိသည့်ရာဇ၀င်တွင်ပြီးတည်ဆောက်မှုမပြီးစီးခဲ့သောပုထိုးတော်ကြီးဘုရား ၊ ကမ္ဘာတွင်ဒုတိယအကြီးဆုံးဖြစ်သည့်မင်းကွန်းခေါင်းလောင်း၊ လှပသပ္ပါယ်ပြီးဓါတ်ပုံရိုက်လို့ကောင်းသည့်မြသိန်းတန်စေတီတို့ကိုလည်ပတ်မည်ဖြစ်ပြီး MDYသို့ပြန်မည်ဖြစ်သည်။ထို့နောက်သစ်သားများဖြင့်တည်ဆောက်ထားသည့်မြန်မာမင်းများနန်းစိုက်ခဲ့သည့်ရွှေနန်းတော် ၊ ကမ္ဘာ့အကြီးဆုံးစာအုပ်လို့တင်စားခေါ်ဝေါ်ထားသည့် ကုသိုလ်တော်ဘုရား (World Largest Book 729 Marble Slab) လည်ပတ်ပြီး Hotel Mandalay တွင်တစ်ညတာတည်းခိုမည်ဖြစ်သည်။နေ့လည်စာကို Green Elephant တွင်သုံးဆောင်ပြီး ညစာကို Oriental House တွင် သုံးဆောင်မည်ဖြစ်သည်။

Day – 6

Hotel တွင်မနက်စာသုံးဆောင်ပြီး YGN သို့ခရီးဆက်မည်ဖြစ်သည်။Hotel တွင်ခဏတာအနားယူပြီး ရန်ကုန်မြို့လယ်ရှိ Colonial အဆောက်အဦးတွေကိုလေ့လာမည်ဖြစ်သည်။(Post Office , England Embassy , Strand Hotel, Port Authority , Inland Water Transport ….)Immanueal   Bapthist Church, Mahabandola Garden,တို့ကိုလည်ပတ်ပြီး ညနေပိုင်းတွင် China Town တွင်လည်ပတ်မည်။နေ့လည်စာကို Sandy Myanmar Restruant တွင် သုံးဆောင်ပြီး ညစာကို Green Elephant Restruant တွင် သုံးဆောင်မည်ဖြစ်သည်။

Day – 7

Hotel တွင် မနက်စာသုံးဆောင်ပြီး Yangon Circular Train မြို့ပတ်ရထား ကို ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်တွေကိုကြည့်ရှုရင်း Local တွေနဲ့အတူရထားစီးကြမယ်။ထို့နောက် သက်တမ်းကြာရင့်နေပြီဖြစ်သောလက်ရာလှပသည့် Saint Merry Church ကျောင်းကို လည်ပတ်မယ်။နေ့လည်စာကို Golden Duck တွင်သုံးဆောင်မယ်။ထို့နောက် Pansodan Jetty မှ တဆင့် Dalla ဆင်ခြေဖုံးသို့ဆိုက်ကားစီးရင်းဆင်ခြေဖုံးရပ်ကွက်လူနေမှုတွေကိုလေ့လာလည်ပတ်မယ်။ထို့နောက်ကျောက်မျက်ရတနာ ၊ အထည် ၊ အပြန်လက်ဆောင်တွေဝယ်ဖို့ ဗိုလ်ချုပ်ဈေးကိုလည်ပတ်မယ်။ညနေပိုင်းတွင်သမိုင်းဝင်ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင်ညနေဆည်းဆာနှင့်အတူဓါတ်ပုံရိုက်ကြမယ်။Hotel Yangon တွင် ညစာသုံးဆောင်ပြီးတစ်ညတာအိပ်စက်အနားယူမည်ဖြစ်သည်။

Day -  8

နံနက်စာကိုဟိုတယ်တွင်သုံးဆောင်ပြီး ကျန်ရှိနေသောအချိန်များကို မိမိအစီအစဉ်ဖြင့် မိမိစိတ်ကြိုက်လည်ပတ်နိုင်မည်ဖြစ်သည်။ထို့နောက် Hotel check Out ပြုလုပ်ပြီးနောက် ဧည့်လမ်းညွှန်မှ Yangon International Airport သို့ပို့ဆောင်ပေးမည်ဖြစ်ပါသည်။

Copyright © 2021 | Website Design by MWD